သင့်ရဲ့ Tinder voucher code နဲ့ ပတ်သတ်ပြီး အခက်အခဲများ ရှိနေပါက အောက်ပါအချက်ပါ Terms and Conditions ကို အရင် စစ်ကြည့်ပေးပါ
ဘောက်ချာ Terms and Conditions:
တကြီမ်သာ အသုံးပြုနိုင်သည်။ ကြီမ်ဖန်များစွာ အသုံးပြုလို့ မရပါ။
နိုင်ငံ ကန့်သတ်ချက်။ သင်ဝယ်ယူထားသော ဘောက်ချာကုတ်ကို သင်ဝယ်ယူခဲတဲ့ နိုင်ငံအတွင်းသာ redeem လုပ်လို့ရပါမည်. (ဥပမာ မြန်မာပြည်မှ ဝယ်ယူထားသော ဘောက်ချာကုတ်ကို မြန်မာပြည်တွင်းမှဘဲ မြန်မာဖုန်းနံပတ်နဲ့ Register လုပ်ထားတဲ့ အကောင့်ကဘဲ Redeem လုပ်လို့ရပါမယ်)
Subscription ကန့်သတ်ချက်။ မိမိရဲ့ tinder အကောင့်တွင် ယခင်လက်ကျန် Subscription သက်တမ်းရှိနေပါက ဘောက်ချာကို Redeem လုပ်လို့မရပါ။ တချို့သော ကိစ္စရပ်များတွင် မိမိရဲ့ Tinder အကောင့်တွင် ယခင်လက်ကျန် Subscription သက်တမ်းရှိနေပါက ရက် ၃၀ မှ ၆၀အတွင်း ဘောက်ချာ Redeem လုပ်လို့မရပါ။
အကောင့်ကန့်သတ်ချက်။ ဘောက်ချာကုတ်ကို အကောင့်ပိုင်ရှင်တယောက်က redeem လုပ်ဆောင်ခဲ့ရန် ကြိုးစားခဲ့ပါက ထို ဘောက်ချာကုတ်ကို redeem လုပ်လို့ ရသည် ဖြစ်စေ မရသည် ဖြစ်စေ ထို အကောင့်ပိုင်ရှင်တဦးတည်းကသာ ၎င်းဘောက်ချာကုတ်ကို redeem လုပ်လို့ရမည် ဖြစ်ပါသည်။
ဘောက်ချာသက်တမ်း။ Tinder Voucher code ကို ဝယ်ယူပြီးပါက ချက်ချင်း (သို့မဟုတ်) ဝယ်ယူသည့်နေ့မှ ရက် ၃၀ အထိ redeem လုပ်လို့ရပါသည်။
အောက်ပါအချက်များသည် သင်ဘောက်ချာကုတ်ကို redeem လုပ်ဆောင်ရာတွင် Error ဖြစ်သည့်အခါ ပြသမည့်စာများ ဖြစ်ပီး ဘာကြောင့် Error ပြရလဲဆိုတာ ရှင်းပြပေးထားပါတယ်။
Error code များ:
“Ineligible to redeem code.”
- သင်ရဲ့ ဘောက်ချာက အသုံးပြုပြီးသား ဖြစ်နေပါတယ်။
- သင့်ရဲ့ Tinder အကောင့်တွင် ယခင်လက်ကျန် Subscription သက်တမ်းရှိနေပါတယ်။
- သင်သည် ဘောက်ချာကုတ်သည် ""နိုင်ငံကန့်သတ်ချက်"" နှင့် ညှိစွန်းနေပါသည်။
"Not eligible to use this promo code."
- သင့်ရဲ့ Tinder အကောင့်တွင် ယခင်လက်ကျန် Subscription သက်တမ်းရှိနေပါတယ်။ ရက် ၃၀ ပြည့်ပီးမှ ပြန်လည် redeem လုပ်ပါ။
“OOPS. Unable to redeem code.”
- Server error ဖြစ်သွားပါသည်။ ကျေးဇူးပြုပြီး ၂၄ နာရီ စောင့်ဆိုင်းပြီးမှ ပြန်လည် Redeem လုပ်ဆောင်ပေးပါ။
- တခြားအကောင့်ပိုင်ရှင်တယောက်က သင်ရဲ့ ဘောက်ချာကုတ်ကို redeem လုပ်ဆောင်ခဲ့ပါသည်. သို့ပေမဲ့ သူလုပ်ဆောင်ချက် မအောင်မြင်ခဲပေမဲ့ ""အကောင့်ကန့်သတ်ချက်"" အရ သင်က Redeem လုပ်လို့မရတော့ပါဘူး။
“This code has already been redeemed.”
- သင်ရဲ့ ဘောက်ချာက အသုံးပြုပြီးသား ဖြစ်နေပါတယ်။
“The code is no longer valid.”
- ဘောက်ချာသက်တမ်း ကုန်ဆုံးသွားပါပီ။
"OOPS. You already have an active subscription. Try again later"
- သင့်ရဲ့ Tinder အကောင့်တွင် ယခင်လက်ကျန် Subscription သက်တမ်းရှိနေပါတယ်။ ၎င်း Subscription ကုန်မှ ထပ်မံ Redeem လုပ်ဆောင်ကြည့်ပါ။