မင်္ဂလာပါ Codashopper များ ခင်ဗျာ။
ကျတော်တို့ Codashop Myanmar ကန လတ်တလော ၀ယ်ယူမှူတွေမှာ အဆင်မပြေဖြစ်ရတဲ့အတွက်ကို တောင်းပန်ပါတယ်ခင်ဗျာ။
လူကြီးမင်းတို့ အနေဖြင့် ၀ယ်ယူမှူ ပြုလုပ်တဲ့အခါမှာ OTP ကုဒ် SMS ရရှိနိုင်ဖို့အတွက် VPN မသုံးပါရန် အကြံပြုအပ်ပါတယ်ခင်ဗျာ။
လက်ရှိအသုံးပြုနေသော VPN ကို deactivate (ခနဖြုတ်) ပြုလုပ်ပြီးမှသာ ၀ယ်ယူမှူ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
Codashop Website : https://www.codashop.com/mm/ ကို Google Chrome browser အသုံးပြုပြီး ၀င်ရောက်ပြိးမှသာ ၀ယ်ယူမှူ ပြုလုပ်ပေးပါခင်ဗျာ။
အထက်ပါ နည်းလမ်းများ လုပ်ဆောင်ပြီး မရရှိသေးဘူးဆိုပါက အောက်ပါနည်းလမ်းများကို ဆက်လက်လုပ်ဆောင်ပေးပါ။
- သင်၏Google Browserမှ Browsing histories နှင့် caches တွေကို "Clear"လုပ်ပေးပါ။
- သင်၏ဖုန်းအား Restart(Powerပိတ်/ပြန်ဖွင့်) လိုက်ပါ။
- Google Chrome browserကိုအသုံးပြုမှသာ OTPကုဒ်ကို လျင်မြန်စွာ ရရှိပြီး ဝယ်ယူမှုကို ချောမွေ့အောင်မြင်စွာ ဆောင်ရွက် နိုင်မှာ ဖြစ်ပါတယ်။ အကယ်၍မရှိသေးပါက Downloadရန် =>(App: Google Play Store)
- မိမိဖုန်းနံပတ်ကို ထည့်သွင်းချိန် နိုင်ငံကုဒ် +95 မပါဝင်ဘဲ မိမိတို့ ဖုန်းနံပါတ်အတိုင်း 09 မှစတင် ရိုက်ထည့်ပြီး ၀ယ်ယူမှူ ပြုလုပ်
ပေးရပါမယ်။ သို့မှသာလျှင် OTPကုဒ်နံပတ်ကို SMS မှတဆင့် ရရှိနိုင်မှာ ဖြစ်ပါတယ် ခင်ဗျာ။ - မတူညီတဲ့ Operator ငွေချေစနစ်တစ်ခုချင်းစီနဲ့ ဝယ်ယူ ကြည့်ပေးဖို့ အကြံပေးလိုပါတယ်။
အထက်ပါ လမ်းညွှန်အတိုင်း လုပ်ဆောင်ပြီး မရရှိသေးပါက Coda Myanmar Support အဖွဲ့သို့ websiteရှိ Live Chat မှတဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
အစဥ်အမြဲ ၀ယ်ယူအားပေးမှူများအတွက် Coda မှ ကျေးဇူးတင်လျက်ပါ။