လေးစားရပါသော Codashopper များခင်ဗျာ။
- ၁။ ကျေးဇူးပြု၍ Codashop ၏အောက်ပါအချက်များကိုသတိပြုပါ:
က) ဂိမ်းဌာနများမှ ပစ္စည်းများ အောင်မြင်စွာပေးပို့ကြောင်း အတည်ပြုထားသည့် အောင်မြင်စွာပြုလုပ်ထားသော ဝယ်ယူမှုများကို ပယ်ဖျက်ခြင်း သို့မဟုတ် ပြန်အမ်း၍(လုံးဝ)မရပါ။
ခ) ဂိမ်းပစ္စည်းများကို အကောင့်တစ်ခုမှ အခြားတစ်ခုသို့ လွှဲပြောင်းရန် သို့မဟုတ် နောက်ပိုင်းတွင် ပြန်အမ်းငွေများအတွက် အကောင့်တစ်ခုမှ ဂိမ်းပစ္စည်းများကို ရုပ်သိမ်းရန် လုပ်ဆောင်ပိုင်ခွင့်(လုံးဝ)မရှိပါ။ - ၂။ ဝယ်ယူမှုပြုလုပ်ရာတွင် သင်ထည့်သွင်းထားသောအချက်လတ်များမှန်ကန်ကြောင်း သေချာစေရန်အတွက် သင့်တွင် တာဝန်အပြည့်အဝရှိပါသည်။
- ၃။ ဂိမ်းပစ္စည်းများအားလုံးအောင်မြင်စွာပေးပို့ထားသောဝယ်ယူမှုများသည် အပြီးသတ်ဖြစ်ပြီး မှားယွင်းသောဝယ်ယူမှုများအတွက် ပြန်အမ်းငွေတောင်းဆိုမှုများကို ကျွန်ုပ်တို့ လက်မခံပါ (ဥပမာ မှားယွင်းသောဂိမ်း ID နှင့်စသည့်အကြောင်းပြချက်)။
- ၄။ သင်သည် ဝယ်ယူမှုအောင်မြင်သွားသော်လည်း ဂိမ်းပစ္စည်းကို မရရှိခဲ့ပါက ကျေးဇူးပြု၍ Coda ကို သင့်ဝယ်ယူသည့်နေ့မှ ရက်ပေါင်း 30 အတွင်း https://mm.support.codashop.com/hc/my/requests/new မှတဆင့် Coda သို့ ဆက်သွယ်ပါ။ Coda ရဲ့စစ်ဆေးမှုအရ ပြန်အမ်းချင်းအတွက်အကြုံးဝင်မဝင်ကို Coda ဘက်မှအပြည့်ဝဆုံးဖြတ်ပါမည်။ Coda သည် စုံစမ်းစစ်ဆေးမှုရလဒ်အပေါ် ပြန်အမ်းငွေ သို့မဟုတ် အစားထိုးလဲလှယ်မှုအတွက် အကြုံးမဝင်ပါက သင့်အား ပြန်အမ်းငွေ သို့မဟုတ် အစားထိုးလဲလှယ်မှုများကို(လုံးဝ)ပြုလုပ်ပေးမည်မဟုတ်ပါ။ ထို့အပြင် ဝယ်ယူသည့်နေ့မှ ရက်ပေါင်း 30 ထက်ကျော်လွန်သော Coda သို့ တောင်းဆိုလာသည့် အရေးဆိုမှုများကို လုပ်ဆောင်ပေးမည်မဟုတ်တော့ဘဲ ငွေပြန်အမ်းခြင်း သို့မဟုတ် အစားထိုးခြင်းတို့ကို (လုံးဝ) ဆောင်ရွက်ပေးမည်မဟုတ်ပါ။
စည်းမျဉ်းစည်းကမ်းများကို https://www.coda.co/terms-conditions/ တွင်ပိုမိုလေ့လာနိုင်ပါသည်။
နားလည်မှုများအတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။