မင်္ဂလာပါ Codashopper
ခုတလောမှာ ကျနော်တို့ရဲ့ Codashopper လေးတွေ Website အတုတွေကနေ စိန်ဖြည့်လို့ရတယ်ဆိုပြီး အလိမ်ခံနေရတာတွေ တွေ့နေရပါတယ်။
လူလိမ်တွေက Codashop နဲ့ ပုံစံတူ Website တွေလုပ်ထားပြီး စိန်တွေ အလကားပေးမယ်လို့ ဘာတို့ တင်ပြီး လိမ်စားနေကြတာပါ
Website အတုတွေမှာ မသိဘဲနဲ့ ၀ယ်ယူမိရင်တော့ မိမိဆီက ပိုက်ဆံတွေက လူလိမ်ရဲ့ဆီကို တန်းရောက်သွားမှာပါ
အောက်မှာ ပြထားတာတွေကတော့ ဝယ်ယူမှု ပြုလုပ်ရန် လိမ်ညာမဲ့ ပုံမှန် တွေ့နေကျ လူလိမ် အမျိုးအစားတွေဖြစ်ပါတယ်
- Facebook Group တွေထဲမှာ Website အတုတွေကို ကြေငြာခြင်း
- Youtube ရဲ့ Search bar မှာ Free Diamonds ဆိုပြီး ရိုက်ရှာတဲ့အခါ တွေ့ရခြင်း
- Twitter အကောင့်တုများဖြင့် စိန်အလကားရအောင် ဘယ်လို hack မလဲ တင်ထားပြီး သူတို့ရဲ့ Website ထဲကို ဆွဲခေါ်ခြင်း
- စိန်အလကားရမည်ဟု တိုက်တွန်းသည့် Blogger များရဲ့ Video ရဲ့ Description Link များမှတဆင့် Website အတုများဆီကို ဆွဲခေါ်ခြင်း
- Mobile Application အတုများ
App အတုများ တရား၀င် (Codashop App)
Website အတုများတွင် အလိမ်မခံရအောင် ဘယ်လို ကာကွယ်မလဲ။
- Social Media တွင် ရှိနေသော သံသယရှိတယ်ထင်ရတဲ့ ဘယ် link ကိုမှ မနှိပ်မိပါစေနဲ့
- Website အတုများတွင် ၀ယ်ယူမှု လုံး၀မလုပ်ဆောင်ပါနဲ့
- လူလိမ်များက ပိုပြီး မြန်ဆန် တိုတောင်းတဲ့ URL တွေသုံးပြီး လိမ်တာမို့လို့ မိမိ၀င်ရောက်နေသော Website ကို သေချာစွာ လေ့လာပါ။
- သံသယရှိနေပါလား? ကျနော်တို့ (customer support) ကို ဆက်သွယ်လိုက်ပါ
မှတ်သားပေးရန်
- Codashop ရဲ့ တရား၀င် website ကတော့ Codashop Myanmar ဖြစ်ပါတယ်။
- Codashop တွင် စိန်အလကားပေးတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ရောက်ရှိလာမဲ့ ပရိုမိုးရှင်းနဲ့ သတင်းအချက်အလက်တွေကို Codashop News မှာ ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။