Rockstar activation code ကို Rockstar Games Launcher မှသာ ထည့်သွင်းလို့ရပါတယ်။ Rockstar Games Launcher ကို Download ဆွဲထားပြီး Install လုပ်ထားပြီးသား ဖြစ်ရပါမည်။ မရှိသေးပါက ဒီိ Link မှာ download ဆွဲပါ။ |
|
Rockstar activation code ကို ထည့်သွင်းရန် အောက်ပါ အတိုင်း လိုက်နာလုပ်ဆောင်ပေးပါ။ မှတ်ချက်။ အောက်ဖော်ပြပါ အချက်များကို လုပ်ဆောင်ရန် အင်တာနက်လိုင်းကောင်းကောင်းရှိရန် လိုအပ်ပါသည်။ |
![]() |
၁။ Rockstar Games Launcherကို ဖွင့်ပြီး Rockstar Games Social Club account ဖြင့် Log In ၀င်ပါ။
|
![]() |
၂။ Screen ရဲ့ အပေါ် ညာဘက်ထောင့်က မိမိ Avatar ပုံကို နှိပ်ပါ။
|
![]() |
၃။ "Redeem Code" ကို ရွေးပါ။
|
![]() |
၄။ Rockstar activation code ကိုထည့်သွင်းပြီး "Check" ကိုနှိပ်ခြင်းဖြင့် မိမိထည့်သွင်းထားသော ကုတ်နံပတ် မှန် မမှန်ကို စစ်ဆေးနိုင်ပါသည်။ ကုတ်ထည့်သွင်းရမဲ့ အကွက်ရဲ့အောက်က ပြဌာန်းထားသည့် အချက်အလက်များကို ဖတ်ရှုပေးပါ။ မိမိထည့်သွင်းနေသည့် အကောင့်က မှန် မမှန်ကို သေချာစွာ အတည်ပြုပါ။
|
![]() |
၅။ မိမိထည့်သွင်းလိုက်သည့် activation code နှင့်အတူ မိမိအကောင့်တွင် ရရှိမည့် item စာရင်းကို တပူးတည်း မြင်ရပါမည်။ အကွက်လေး ဘေးက ပြဌာန်းထားသည့် အချက်အလက်များကို သေချာစွာ ဖတ်ရှုပေးပါ။ ထို အချက်အလက်သည် မိမိရရှိမည့် item နှင့် မိမိထည့်သွင်းမည့် အကောင့်ကို အတည်ပြုပေးမည် ဖြစ်ပါသည်။
|
![]() |
၆။ Rockstar activation code ကို အောင်မြင်စွာ ထည့်သွင်းပြီးပါက My Library တွင် မိမိ၀ယ်ယူထားသော Game က ရောက်ရှိနေမှာ ဖြစ်ပြီး Install လုပ်နိုင်ပါတယ်။
|
သတိပြုရန်
၁။ မှန်ကန်တဲ့ Rockstar Games Social Club account ကို မိမိရဲ့ ကုတ်နံပတ်ကို ထည့်သွင်းနေသည်ဖြစ်ကြောင်း သေချာစွာ ဂရုစိုက်ပေးရန် လိုအပ်ပါသည်။
၂။ Rockstar Activation Codes များသည် တကြီမ်သာ အသုံးပြုလို့ရတာ ဖြစ်ပြီး ကုတ်နှင့်အတူ ရရှိလာမဲ့ items များကတော့ မိမိ ကုတ်နံပတ် ထည့်သွင်းလိုက်သည့် Rockstar Games Social Club account ကိုသာ ရာသက်ပန် ရောက်ရှိမည် ဖြစ်ပါသည်။