မင်္ဂလာပါ ချစ်ခင်လေးစားရပါသော Codashopper များခင်ဗျာ,
Codashop Myanmar ဝန်ဆောင်မှုအဖွဲ့မှ နွေးထွေးစွာ ကြိုဆိုပါတယ်။
မမျှော်လင့်ထားသော လတ်တလောအခြေအနေများကြောင့် အချို့သော ဖုန်းဘေဖြင့်ငွေပေးချေမှုများဖြင့် MLBB စိန်ဝယ်ယူခြင်းကို သြဂုတ်လ (၁) ရက်နေ့မှစတင်၍ ခေတ္တခဏရပ်နားထားမည်ဖြစ်ပါတယ်ခင်ဗျာ။
(မှတ်ချက်။ MLBB စိန်ဝယ်ယူမှုအတွက်သာ ဖြစ်ပါသည်။ တခြားသော ဂိမ်းများအတွက် ပုံမှန်ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။)
ယခုလိုအဆင်မပြေမှုများအတွက် Codashop မှ အနူးအညွတ် တောင်းပန်ပါတယ်ခင်ဗျာ။ ဤဖုန်းဘေဖြင့်ငွေချေစနစ်များကိုအမြန်ဆုံး ပြန်လည်ဝယ်ယူအသုံးပြုနိုင်အောင် ကျွန်နော်တို့အကောင်းဆုံးကြိုးစားပေးသွားမည်ဖြစ်ပြီး ပြန်လည်ဝယ်ယူလို့ရသည်နှင့်တစ်ပြိုင်နက် Codashop ၏ တရားဝင်စာမျက်နှာများမှတဆင့်ကြေညာပေးသွားမည်ဖြစ်ပါတယ်ခင်ဗျာ။
လတ်တလောတွင် အခြားငွေပေးချေမှုများဖြစ်သော EasyPoints နှင့် Card Payments တို့ကို အသုံးပြုပြီး စိန်များ ဝယ်ယူနိုင်ပါသေးတယ်လို့အသိပေးပါတယ်ခင်ဗျာ။
EasyPoints နှင့် စိန်ဝယ်ယူမှုနည်းလမ်းကို ဤLink တွင် ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ မကြာမီမှာလည်း အခြားလူသုံးများသောငွေပေးချေမှုနည်းလမ်းများကို အမြန်ဆုံးဖွင့်လှစ်ပေးသွားမည်ဖြစ်သည့်အတွက် ကျွန်တော်တို့ကို စိတ်ရှည်စွာစောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
လူကြီးမင်းတို့ Codashop ကို အမြဲယုံကြည်ပြီးစဉ်ဆက်မပြတ်အားပေးကြတဲ့အတွက် ကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ။ အဆင်မပြေမှုများအတွက် နောက်တစ်ကြိမ်ထပ်မံတောင်းပန်ပါတယ်ခင်ဗျာ။