မင်္ဂလာပါ Codashopper များခင်ဗျာ
ကျနော်တို့ Codashop မှာ MLBB အတွက် စိန်၀ယ်ယူရာတွင် အောက်ပါပုံအတိုင်း Error ရရှိနေပါသလားခင်ဗျ။
 |
ကြုံတွေ့ရမည့် Error-
- ဝမ်းနည်းပါသည်။ သင်ရွေးချယ်ထားသောငွေချေစနစ်ဖြင့် ဤ Mobile Legends အကောင့်ကို ငွေဖြည့်လို့မရနိုင်ပါ။ ကျေးဇူးပြုပြီး အခြားငွေချေစနစ်ကိုရွေးချယ်ပါ (သို့) ဝန်ဆောင်မှုအသင်းကို ဆက်သွယ်လိုက်ပါ။
Error အကြောင်းအရင်းမှာ-
- လူကြီးမင်း၏ MLBB အကောင့်သည် အစအဦး MLBB အကောင့်ဖွင့်ချိန်မှာ မြန်မာနိုင်ငံဖြင့် မှတ်ပုံတင်/Register လုပ်ထားခြင်းမဟုတ်သောကြောင့် ဖြစ်ပါသည်။
- ယခုမှာ Moonton ၏ အသစ်သော စည်းကမ်း သတ်မှတ်ချက်အရ Non-Myanmar account server များဖြင့် Codashop Myanmar တွင် Telenor, MPT, Ooredoo စသဖြင့် ငွေချေစနစ်များဖြင့် အသုံးပြုပြီး ဝယ်ယူလို့မရ နိုင်ပါကြောင်း ဝမ်းနည်းစွာအသိပေးလိုပါသည်။
- သို့သော် ကျန်ရှိနေသေးသော Wave Pay (သို့) VISA/Master Card ငွေချေစနစ်များနှင့်တော့ ဆက်လက် ဝယ်ယူလို့ရနိုင်ပါသေးကြောင်းလည်း သတင်းကောင်းပါး လိုပါသည်။
|
လက်ရှိအကောင့် Server ဖြင့် Telenor/MPT/Ooredoo အသုံးပြု၍ ဆက်လက်ဝယ်ယူလိုလျင် လုပ်ဆောင်ရမည့်အချက်များမှာ -
 |
- မှတ်ချက်။ ။ လူကြီးမင်း၏ အကောင့် Serverသည် Game ထဲမှ နိုင်ငံအလံ နှင့် Location များနဲ့ မဆိုင်ပါ။
- လုပ်ဆောင်ရမည့် အချက်များကတော့-
-
- MLBB ဘက်က ဝန်ဆောင်မှုအဖွဲ့ကို မိမိလက်ရှိ ဝယ်ယူနေကျအကောင့်ဖြင့် Codashop တွင် ယခုမှာဝယ်ယူ၍မရတော့ကြောင်း နှင့် ၄င်းအကောင့် Server ဖြင့် ပြန်လည်ဝယ်ယူ နိုင်ရန် Whitelist တင်ပေးဖို့ရန် မိမိGameတွင်း Customer Service မှတဆင့် ပုံတွင်ပြထားသည့်အတိုင်း MLBB In-Game Customer Support သို့ကိုယ်တိုင်ဆက်သွယ် တင်ပြမေးမြန်းရပါမည်။
- Moonton ဝန်ဆောင်မှုအဖွဲ့မှ Whitelist တင်ပေးနိုင်ရန် လိုအပ်သည့် တောင်းဆိုလာသော အချက်အလက်များကိုလဲ လူကြီးမင်းဘက်မှ တိကျမှန်ကန်စွာ တင်ပြပေးနိုင်ရမည် ဖြစ်ပါသည်။
|
နောက်ထပ် ၀ယ်ယူမှုဆိုင်ရာ အခက်အခဲများအတွက်မေးမြန်းလိုပါက ကျွန်တော်တို့ ဝန်ဆောင်မှုအသင်းအား ဤနေရာမှ တဆင့်ဆက်သွယ်မေးမြန်းနိုင်ပါသည်။ နားလည်ပေးတဲ့အတွက်အထူး ကျေးဇူးတင်ရှိပါသည်။