မင်္ဂလာပါ Codashopper များ ခင်ဗျ
မိမိတို့ ၀ယ်ယူထားတဲ့ မှတ်တမ်းများကို ပြန်လည်သိရှိလိုပါသလား ခင်ဗျ။
ဒါဆို အရင်ဆုံး မိမိဝယ်ယူစဉ်မှာ Email လိပ်စာ ထည့်သွင်းပြီး ၀ယ်ယူခဲ့ပါသလားခင်ဗျ။ Email လိပ်စာ ထည့်ပြီး ဝယ်ယူခဲ့ရင် မိမိရဲ့ ဝယ်ယူမှု မှတ်တမ်းတွေကို Email Inbox မှာ ပြန်ကြည့်လို့ရပါတယ်။
Email လိပ်စာ မထည့်ခဲ့မိဘူးလား ခင်ဗျ။ စိတ်မပူပါနဲ့နော်။ ကျနော်တို့ ကူညီပေးလို့ရပါတယ်။
ဝယ်ယူမှုမှတ်တမ်းရယူလိုပါက, အချက်အလက်များကို ကျနော်တို့ ၀န်ဆောင်မှုအဖွဲ့ကို ဒီ Form မှတဆင့် ပေးပို့ရန် လိုအပ်ပါသည်။
မိမိ ၀ယ်ယူစဉ် ထည့်သွင်းခဲ့သော ဖုန်းနံပတ်
မိမိ အသုံးပြုခဲ့သော ငွေချေစနစ် ( ဥပမာ MPT, Ooredoo, KBZ Pay စသည်ဖြင့်)
ဝယ်ယူခဲ့သည့် ရက်စွဲ ( နေ့/လ/ခုနှစ်)
ဝယ်ယူခဲ့သည့် ပမာဏ ( Optional)
Game and Server ID
မိမိ တောင်းဆိုထားသည့် ရက်စွဲပါသော ၀ယ်ယူမှု ငွေဖြတ်ပိုင်း SMS Screenshot သို့မဟုတ် သက်ဆိုင်ရာ Game ဌာနဘက်က မိမိဝယ်ယူမှုအတွက် သူတို့ဘက်က သိရှိလိုသည့် ရက်စွဲကို Codaတွင် ပြန်လည် မေးမြန်းရန် ပေးပို့ထားသည့် Screenshot
အော်ဒါနံပတ် ( Codashop ဘက်ကမှ အတည်ပြု Email တွင် ရှာတွေ့နိုင်ပါသည် ) ( Optional)
ဝယ်ယူမှုအတွက် အသုံးပြုခဲ့သော Email လိပ်စာ ( Optional)
အထက်ပါ အချက်အလက်များ ပြည့်စုံစွာ ပေးပို့ထားပြီးပါက ၀န်ဆောင်မှုအဖွဲ့မှ ဆက်လက် ကူညီသွားပေးမည်ဖြစ်ပြီး အကြောင်းပြန်သွားပေးမည် ဖြစ်ပါသည်။
မှတ်ချက်။ အထက်ပါ အချက်အလက်များထဲမှ ( Optional) ဖော်ပြထားသည့် အချက်များမှ လွဲ၍ ကျန်သည့်အချက်များကို အတိအကျ မပေးနိုင်ပါက ၀န်ဆောင်မှု အဖွဲ့မှ security reasons အရ ကူညီဆောင်ရွက်သွားပေးမည် မဟုတ်ပါ။
>ကျေးဇူးတင်ပါသည်<