မင်္ဂလာပါ Codashopper များခင်ဗျ
ကျနော်တို့ Codashop Myanmar Facebook Page မှ လူကြီးမင်းတို့ အလိုရှိသည့် Game Creditများကို တိုက်ရိုက်ဝယ်ယူရန် [Shop Now] ခလုပ်ကို နှိပ်လိုက်သည့်အခါ ရှေ့ဆက်မသွားတော့ဘဲ အောက်တွင် ပြထားသည့် ပုံထဲကအတိုင်း ဖြစ်နေပါသလား။
![]() |
![]() |
ဟုတ်ကဲ့
အဲတာဆိုရင်တော့ ယခု အောက်ပါ အချက်တွေကို မိမိ လိုက်နာထားပါသလားဆိုတာ စစ်ဆေးပေးပါ။
Google Chrome Browser အသုံးမပြုထားဘဲ ၀ယ်ယူနေခြင်း
[Shop Now] ကနေ ဝယ်ဖို့ ဝင်တဲ့အခါမှာ ဖုန်းက အော်တိုသုံးသွားတာ Default Browser ပါ ခင်ဗျ။ Chrome Browser မဟုတ်ပါဘူး။
Google Chrome browserကိုအသုံးပြုမှသာ အခုဝယ်မည်ကို နှိပ်လို့ရမှာဖြစ်ပြီး OTPကုဒ်ကို လျင်မြန်စွာ ရရှိပြီး ဝယ်ယူမှုကို ချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
အကယ်၍ Google Chrome Browser မရှိသေးပါက Downloadရန် => Google Chrome Browser ဖြစ်ပါတယ်။
Google Chrome Browser ကို Down ထားပီးပီဆိုလျှင် Download ထားတဲ့ Google Chrome ထဲကို ဝင်ပီး URL မှာ ဒီ Link --> https://www.codashop.com/mm/ ကို Paste လုပ်လိုက်ပါ။
မှတ်ချက် ။ တချို့သော ဖုန်းများတွင် Google Chrome Browser အသုံးမပြုဘဲနဲ့ မိမိဖုန်းရဲ့ Default Browser ဖြင့် Codashop Website သို့ ၀င်ရောက်လို့ရနိုင်ပြီး ၀ယ်ယူနိုင်ပါသည်။ သို့ပေမဲ့ ကျနော်တို့ရဲ့ တရားဝင် ကြေငြာချက်အရ Google Chrome Browser အသုံးပြုခြင်းကသာလျှင် စိတ်ချလျှင်မြန်ပြီး အခက်အခဲ မရှိ ၀ယ်ယူမှုကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
VPN အသုံးပြုထားခြင်း
ကျနော်တို့ Codashop ၀ယ်ယူသည့်အခါ VPN ကို ပိတ်ပြီးဝယ်ယူမှ အောင်မြင်တဲ့ ၀ယ်ယူမှု ပြုလုပ်လို့ရမှာ ဖြစ်ပါတယ်။
VPN ကျော်ထားလျှင် Codashop Website ထဲကို ၀င်လို့ရသော်လည်း OTP Code မရခြင်း၊ မိမိဝယ်ယူနေတဲ့ Game Credit အတွက် Geo Restriction ဆိုင်ရာ ပြသနာတွေ ကြုံတွေရနိုင်ပါသည်။
မိမိအင်တာနက် လိုင်းမကောင်းခြင်း
လက်ရှိ မိမိ အသုံးပြုနေသော Wifi သို့မဟုတ် ဖုန်းအင်တာနက်လိုင်းသည် Network ကျဆင်းချိန်နှင့် ကြုံတွေ့ရသည့်အခါ Codashop Website ကို ၀င်လို့ မရတာမျိုး ကြုံရတတ်ပါသည်။
မိမိ အင်တာနက်လိုင်း ပြန်ကောင်းသည့်အခါမှ ထပ်မံ ၀ယ်ယူပါရန် အကြံပြုပါသည်။
အဆင်မပြေမှုများအတွက် အထူးဘဲ တောင်းပန်အပ်ပါသည် 🙏