မင်္ဂလာပါ Codashopper များ ခင်ဗျ
ကျနော်တို့ Codashop မှာ PUBG အတွက် UC ၀ယ်ယူရာတွင် အခက်အခဲများရှိပါက အောက်ပါ အချက်အလက်များကို အရင် စစ်ဆေးကြည့်ပါနော်။
![]() |
![]() |
"Please Choose Another Region To Recharge"/"Welcome Back"
အခုလို Error လျှင် သင်ဝယ်ယူနေတဲ့အခါ VPN ဖွင့်ထားလျှင် ပိတ်ထားရပါမည်။ Google Chrome Browser ကနေ ၀ယ်ယူနေတာ ဖြစ်ရပါမည်။
အကယ်၍ Google Chrome Browser မရှိသေးပါက Downloadရန်=>(App: Google Chrome ) ဖြစ်ပါတယ်။
အထက်ပါ ၂ချက်လုံး လုပ်ဆောင်ပြီးပါက ယခုကဲ့သို့ ထပ်မံပြနေပါလျှင် PUBG ဌာနဘက်မှ တင်ပြထားတဲ့အချက်ကတော့ လူကြီးမင်းအသုံးပြုတဲ့ Account ထဲLogin ဝင်တဲ့အခါ လူကြီးမင်း ဖုန်းDevice နဲ့ မူရင်းIP လိပ်စာ တွေကမတူညီနေလို့ ဖြစ်ကြောင်း PUBG Tencent ရဲ့ account လုံခြုံမှုထိန်းချုပ်ရေးဌာနဘက်က ပြောကြားထားပါတယ်ဗျ ။ ခုလို ဖြစ်ခြင်း အကြောင်းအရာကတော့ VPN ကျော်ပြီးဝင်ဂိမ်းကိုဝင်ထားလို့ သို့မဟုတ် VPNဖြင့် အင်တာနက် သုံးခြင်းများကြောင့် ဂိမ်း Server ပြောင်းသွားတာပါဗျ။ VPN သုံးရင် IP Address ကိုပါပြောင်းလိုက်လို့ပါ။ PUBG Region ပြသနာကတော့ Game ဌာနဘက်ကဘဲ ကူညီဖြေရှင်းပေးနိုင်မှာ မို့လို့ PUBG Tencent ဘကိကို အောက်ပါဆက်သွယ်လို့ရတဲ့ နေရာများမှ ဆက်သွယ်ပြီးမေးပေးပါလို့ အကြံပြုပါတယ် ခင်ဗျ။
Tencent Email: help@midasbuy.com
Tencent Facebook: https://www.facebook.com/midasbuy
ဝယ်ယူမှု အဆင်မပြေဖြစ်သွားခဲ့လို့ အထူးဘဲ တောင်းပန်ပါတယ်ခင်ဗျ။