မိမိဝယ်ယူနေစဉ် အမှားအယွင်းတခုကြောင့် Error နံပတ် တခုခုရရှိပြီး ၀ယ်ယူမှု မအောင်မြင်ခဲ့ပါက အောက်ဖော်ပြပါများထဲမှ မိမိရရှိထားသော Error နံပတ်ပါရှိပါက လုပ်ဆောင်မည့် အချက်များကို ကြည့်ရှုနိုင်ပါတယ် ခင်ဗျ။
Error နံပတ် | ဖော်ပြချက် | လုပ်ဆောင်ရန် |
Error 225 |
Error 225 ရဲ့ အဓိပ္ပါယ်ကတော့ အောက်ပါအတိုင်းဘဲ ဖြစ်ပါတယ်။ [မှတ်ချက်] |
ဝယ်ယူမှူအဆင်ပြေဖို့အတွက် ဖုန်းနံပါတ်နဲ့ ၀ယ်ယူဖို့ရွေးချယ်ထားတဲ့ ဖုန်းoperator ကိုပြန်စစ်ကြည့်ပေးပါလို့ အကြံပြုချင်ပါတယ်။ |
Error 403 |
Operator Ooredoo ၁)မှတ်ချက်။ ။ မည်သည့် Ooredoo Sim Card မဆို အနည်းဆုံး တစ်ထောင်ကျပ်နှင့်အထက် အသုံးပြုပြီး အချိန်တစ်လစောင့်ပြီးမှသာ Codashopတွင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အသင့်ထည့်ပေးထားသော 1000 Ks ကို ဖုန်းပြောခြင်း၊ sms ပို့ခြင်းနှင့် internet သုံးခြင်းတို့ တငွ် အသုံးပြုပြီးမှသာ ဖုန်းငွေထပ်ဖြည့်ပြီး codashop တငွ် ဝယ်ယူပေးပါနော်။ ၂)မှတ်ချက်။ ။Ooredooကတ်အသစ်ဖြင့်ရရှိထားသောGaming Cashbackဖြင့်လည်းကောင်း၊ Main balanceဖြင့်လည်းကောင်း Ooredooကတ်အသစ်ဖြစ်နေပါက ဝယ်လို့မရနိုင်ပါ၊ |
ကတ်၏သက်တမ်း တစ်လပြည့်မှသာ အနည်းဆုံး တစ်ထောင်ကျပ်နှင့်အထက် အသုံးပြုပြီးမှဝယ်ယူလို့ရနိုင်မှာ ဖြစ်ပါတယ်။ |
Error 414 |
Error-414ရရှိပြီး ဝယ်ယူမှုမအောင်မြင် ဖြစ်နေရခြင်း၏ အကြောင်းရင်းမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ် ခင်ဗျာ။ (၁)- ဝယ်ယူရန် ဖုန်းဘေလ်လက်ကျန်ငွေမလုံလောက်သေးပါ။ |
ကျေးဇူးပြပြီး ဖုန်းလက်ကျန်ငွေ ထပ်မံ ဖြည့်သွင်းပြီးမှ ပြန်လည်ဝယ်ယူပါ။ ချေးငွေယူထားမိပါက ချေးငွေကို ကုန်အောင်သုံးပြီးမှ Main Balance ဖြင့် ပြန်လည်ဝယ်ယူပါ။ |
Error 415/312 |
Error-415/312ရရှိပြီး ဝယ်ယူမှုမအောင်မြင် ဖြစ်နေရခြင်း၏ အကြောင်းရင်းမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ် ခင်ဗျာ။ (1) ဖုန်းနံပတ်တခုစီတိုင်းအတွက် နေ့စဉ်/လစဉ် ဝယ်ယူနိုင်မှု ကန့်သတ်ချက်ကို Operatorဘက်မှ အောက်ပါ အတိုင်း သတ်မှတ်ချက်ချထားပေးတာကြောင့် ဝယ်ယူမှုLimit ပြည့်ပြီးပါက Error-415/312 ရရှိမှာပဲဖြစ်ပါတယ်နော်။ |
[Operator Limitation] - Telenor၏နေ့စဉ် Limitမှာ ကျပ်၈၀,ဝဝဝမှ၁၀၀,၀၀၀ ဖြစ်ပြီး၊ လစဉ်Limitမှာ ကျပ်၄၀၀,ဝဝဝအထိပါ။ - MPTတစ်လအတငွ်းLimitမှာ ကျပ်၅၀၀,၀၀၀ အထိပါ။ - Ooredoo တစ်လအတငွ်းLimitမှာ ကျပ်၂၅၀,၀၀၀ အထိ ဖြစ်ပါတယ်ခင်ဗျာ။ |
Error 309 |
Error-309 ရရှိပြီး ဝယ်ယူမှုမအောင်မြင် ဖြစ်နေရခြင်း၏ အကြောင်းရင်းမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ် ခင်ဗျာ။ လက်ရှိ မိမိနေထိုင်နေသော IP Address သည် Codashop တွင် ၀ယ်ယူလို့မရသော Address အဖြစ် သတ်မှတ်ထားခံရပါသည်။ |
VPN ကျော်ပြီး ၀ယ်ယူနေပါက VPN ပိတ်ပီး ပြန်လည် ၀ယ်ယူကြည့်ပါ။ VPN မကျော်ဘဲ ၀ယ်ယူနေသော်လည်း အဆင်မပြေဖြစ်နေသေးပါကကျေးဇူးပြုပြီး ယခုလက်ရှိနေထိုင်နေသောနေရာနှင့် မတူညီသည့် ရပ်ကွက်၊ မြို့နယ် စသည်တို့တွင် ပြန်လည့်ဝယ်ယူကြည့်ပါ။ |
Error 405 |
Error-405 ရရှိပြီး ဝယ်ယူမှုမအောင်မြင် ဖြစ်နေရခြင်း၏ အကြောင်းရင်းမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ် ခင်ဗျာ။ Error 405 ရဲ့ ဆိုလိုရင်းကတော့ မိမိဝယ်ယူနေစဉ် ဖုန်းနံပတ်ထည့်တဲ့အခါ မှားယွင်းစွာ ထည့်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ကျေးဇူးပြူပြီး မိမိ ဖူန်းနံပတ်ကိုသေချာပြန်လည် စစ်ဆေးပီး မှန်ကန်စွာထည့်ပေးပါ ခင်ဗျ။ |
ဝယ်ယူမှူအဆင်ပြေဖို့အတွက် ဖုန်းနံပါတ်နဲ့ ၀ယ်ယူဖို့ရွေးချယ်ထားတဲ့ ဖုန်းoperator ကိုပြန်စစ်ကြည့်ပေးပါလို့ အကြံပြုချင်ပါတယ်။ |
အဆင်မပြေမှုများအတွက် အထူးဘဲ တောင်းပန်ပါတယ် 🙏