လစဥ်လတိုင်းအတွက် Mobile Legends မှာ မတူညီတဲ့ Starlight Member လက်ဆောင်တွေရှိပါတယ်။ ထိုလက်ဆောင်များကို ထိုလရဲ့ Starlight Member စသည့် ပထမရက်မှ ဆုံးသည့်နေ့အတွင်းသာ ရယူနိုင်ပါတယ်။
နိုင်ငံတကာ အချိန်နှင့် Moonton အချိန်ကွဲလွဲမှုတွေ ရှိတာကြောင့် မိမိနိုင်ငံ အချိန်က Moonton မှာ ဖော်ပြထားသော အချိန်နှင့် တူ မတူ အရင်စစ်ဆေးရပါမည်။
သင်ရဲ့ နိုင်ငံအချိန်က Moonton အချိန်ထက် စောနေပါက သင်သည် ဒီလအတွက် Starlight Member ကို စောပြီး ၀ယ်ယူမိပါက လအတွက် Starlight Member Skin မရရှိဘဲ အရင်လအတွက် Starlight Member Skin ကိုဘဲ ရရှိမှာဖြစ်ပြီး Moonton ဘက်မှာ Starlight Member အသစ် စတင်တဲ့အချိန်မှာ သင်ထပ်မံ ၀ယ်ယူမှ ရပါမည်။