မင်္ဂလာပါ Codashopper များ ခင်ဗျာ
ဝယ်ယူပြီးစီးသွားပေမဲ့ ၀ယ်ထားတာတွေ မရောက်လာတာမျိုးနဲ့ ကြုံဖူးပါသလား။ သေချာပြန်စစ်ကြည့်လိုက်တော့ ဂီမ်းတွေမှားဝယ်မိတာတို့ User ID မှားထည့်မိတာတို့ကြောင့် ဖြစ်သွားတာကို ကြုံဖူးမှာပါ။ အောက်မှာပြထားတဲ့ အချက်တွေကို ကြည့်ပြီး အမှားအယွင်းမရှိရအောင် စစ်ဆေးကြည့်ကြမယ်နော်။
၁။ သင်ဟာ တရားဝင် Codashop ကနေ ၀ယ်ယူနေပါသလား။ သင်ဝယ်ယူနေတဲ့ Game ကရော မှန်ကန်ပါရဲ့လားဆိုတာ စစ်ဆေးပါ။
တရားဝင် Codashop Page ကတော့ -->> Codashop MM ဖြစ်ပါတယ်။
သင့်မှာ ရှိတဲ Game က Codashop မှာ ရောင်းနေတာနဲ့ တူ မတူကို Google Play Store မှာ ခုလို တိုက်စစ်လို့ရပါတယ်။ များသောအားဖြင့် ဂီမ်းတော်တော်များများတော့ Logo ပုံ တူကြပါတယ်။ အောက်ပါ ပုံအတိုင်း ဖြစ်ပါသည်။
![]() |
![]() |
၂။ မိမိရဲ့ Game ID ကို ထည့်သွင်းတာ စာလုံးမှန်ကန်ပါရဲ့လား ပုံစံ မှန်ကန်ပါရဲ့လားဆိုတာ စစ်ဆေးပါ။
မိမိရဲ့ Game IDကို ဘယ်လိုရှာရမလဲဆိုတာနဲ့ ထည့်သွင်းရမည့်ပုံစံကို ပြထားသည့် [?] ကိုနှိပ်ပြီး နမူနာ ပုံစံကို ကြည့်ယူလို့ ရပါတယ်။ အောက်ပါ ပုံအတိုင်း ဖြစ်ပါသည်။
![]() |
![]() |
အကယ်၍ ရှာမတွေ့ဘူးဆိုပါက ကျနော်တို့ ၀န်ဆောင်မှုအဖွဲ့ကို လာရောက်မေးမြန်းပေးပါ။
၃။ [အခုဝယ်မည်] ကိုမနှိပ်ခင် မိမိထည့်သွင်းထားသည်များကို သေချာစွာပြန်လည် စစ်ဆေးပါ။
[အခုဝယ်မည်] ကို နှိပ်ပြီးပါကလဲ ခုလို အော်ဒါအကြောင်းအရာဆိုတဲ့ ထပ်မံ အတည်ပြုရမည့်စာကို ကျနော်တို့ဘက်မှ ထပ်ပို့သည့်အခါ သေချာစွာ ထပ်မံ စစ်ဆေးပြီးမှ [အတည်ပြု] ကိုနှိပ်ပါ။
မှတ်ချက်။ သင်သည် အောင်မြင်စွာ ၀ယ်ယူထားပြီးပါက မှားယွင်းတဲ့ Game ID တခုအတွက် သေချာမစစ်ဘဲ ၀ယ်ယူပြီးမြောက်ခဲ့ပါလျှင် ဂီမ်းဌာနများရဲ့ စည်းကမ်းအရ ငွေပြန်အမ်းခြင်းနှင့် မိမိလိုချင်သော Game ID ကို ပြန်လည် ပြောင်းယူပေးခြင်းများ လုံးဝ လုပ်ပေးမည် မဟုတ်ပါ။
စည်းကမ်းချက်နဲ့ ဥပဒေများကို အသေးစိတ်လေ့လာရန်အတွက် ဒီ Link -->> Codashop service terms and conditions မှာ ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ် ခင်ဗျ 😊