မင်္ဂလာပါ Codashopper!
Codashop အမည်ခံထားတဲ့ အတုအယောင်တွေဆီက အလီမ်မခံရအောင် ကျနော်တို့ အလေးပေးပီး ဆောင်ရွက်ပေးနေပါတယ်။
သင်အလီမ်မခံရစေဖို့၊ သင်ဝယ်ယူထားတဲ့ ဘောက်ချာကုတ်ကို မည်သူ တစ်ဦးတစ်ယောက်ကိုမှ မပေးမိစေရန် အထူး သတိပေးလိုပါတယ်။
အောက်ပါအချက်တွေကို သေချာမှတ်သားပေးပါ:
- ကျနော်တို့ဆီမှ ဝယ်ယူထားတဲ့ ဘောက်ချာကုတ်မှန်သမျှ သင်ဝယ်ယူချိန်မှာ ထည့်ထားတဲ့ Email လိပ်စာ သို့မဟုတ် သင်ထည့်ထားတဲ့ ဖုန်းနံပတ်ကို SMS အနေနဲ့ ပို့ပေးတာ ဖြစ်ပါတယ်။
- ဘောက်ချာကုတ်က တစ်ကြီမ်သာ အသုံးပြုလို့ ရပါသည်။
- ကျနော်တို့ဘက်မှ ပို့ပီးပါက ထို ဘောက်ချာကုတ်နှင့် ပတ်သတ်သမျှ သင်နဲ့သာ သက်ဆိုင်မည် ဖြစ်ပါသည်။
အကယ်၍ သင်က တစ်ခြားတစ်ယောက်ကို သင့်ရဲ့ ဘောက်ချာကုတ် ပေးမိပီး သူကနေ အသုံးပြုလိုက်ပီးပီဆိုပါက ကျ နော်တို့ဘက်မှ ပြန်အမ်းလိူ့ မရတော့ပါဘူး ခင်ဗျ။
ကျေးဇူးပြုပြီး ကျနော်တို့ရဲ့ Terms and Conditions ကို ဒီမှာ (here) ဝင်ရောက်ပြီး ဖတ်ပေးပါ ခင်ဗျ။
ထပ်ပီး သတိပေးချင်တာကတော့ အတုအယောင် ရောင်းချနေသူတွေဆီက အလီမ်မခံရအောင် အောက်ပါ အချက်အလက်တွေကို သေချာ လုပ်ဆောင်ပါ:
- သင့်ရဲ့ ကိုယ်ရေးမှတ်တမ်း အချက်အလက်တွေနဲ့ OTP ကုတ်ကို ဘယ်သူကိုမှ မပြောပါနဲ့။ Codashop ရဲ့ဝန်ထမ်းများကိုတောင် မပြောပါနဲ့။
- သံသယရှိတဲ့ Social Media တွေ၊ သံသယရှိဖွယ် Link တွေ ၊ သင့် Email ထဲရောက်လာတဲ့ သံသယရှိဖွယ်မှန်သမျှကို ဘယ်တော့မှ မနှိပ်ပါနဲ့။
- Codashop ရဲ့ တရားဝင် website ကနေဘဲ ဝယ်ယူမှုသာ ပြုလုပ်ပါ။
- Codashopအစစ်ဟု ထင်ရသော နေရာများနှင့် Game Item အလကားပေးတဲ့ Link တွေကို တွေ့လို့ သင့်အနေနဲ့ သံသယရှိတဲ့အခါ ကျနော်တို့ရဲ့ Customer Support ကို လာရောက်မေးမြန်းပေးပါ။
- အရေးကြီးဆုံးအချက်ကတော့ ဘောက်ချာကုတ်တွေကို ပိုက်ဆံနဲ့ လဲလှယ်ခြင်းများ ကျနော်တို့ဆီမှာ မပြုလုပ်ပါဘူး။ ကိုယ်တိုင်ဝယ်ယူရတာပါ။
ကျနော်တို့ Codashop မှ ၀န်ထမ်များသည် သင့်ရဲ့ OTP ကုတ်ကို ဘယ်တော့မှ တောင်းမည်မဟုတ်ပါ။
ကျေးဇူးတင်ပါတယ်။ Stay safe ပါ 😉