အခုလို Codaရဲ့ Support Page ကို လာရောက်စုံစမ်းတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ 🙏🥰
မိမိရဲ့ Steam Account Region ကြောင့် Wallet Code Redeem လုပ်လို့မရတဲ့ အခက်အခဲများ ကြုံလာပါက အောက်ပါအတိုင်း လိုက်နာလုပ်ဆောင်ကြည့်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
![]() |
၁။ ပထမဦးစွာ မိမိ Steam Account ကို Log in ဝင်ပါ။ မိမိ Steam Account Home Page တွင် မိမိ User Name ဘေးက Down Arrow ကို နှိပ်လိုက်လျှင် ယခုလို Menu Bar ပေါ်လာပါက "Account Details" ကိုရွေးပါ။
|
![]() |
၂။ "Country"နေရာမှာ မိမိလက်ရှိ ထားထားသော နိုင်ငံပေါ်နေပါလီမ့်မည်။ မြန်မာ မဟုတ်ပါက ၎င်းအား ပြောင်းလဲရန် "Update store country" ကိုနှိပ်ပါ။
|
![]() |
၃။ မိမိ အလိုရှိသော နိုင်ငံကို ပြောင်းလဲရန် Contact Steam Support ကို ရွေးပါ။
|
![]() |
၄။ Steam Wallet ရဲ့ Terms and Policy အသေးစိတ်ကို သိရှိရန် Read our FAQ on Store & Wallet Country ကို နှိပ်လို့ရပါတယ်။ သို့မဟုတ် ဆက်လက် လုပ်ဆောင်လိုပါက Contact Steam Support ကို ထပ်နှိပ်ပါ။
|
![]() |
၅။ Please select your country of residence တွင် မိမိ လက်ရှိနေထိုင်နေသော နိုင်ငံကိုရွေးချယ်ပါ။ ၆။ Please supply details about your request တွင် မိမိပြောင်းလဲမည့် နေရာရဲ့အသေးစိတ် အချက်အလက်ကို ထည့်သွင်းပါ ဥပမာ Zip Code, Postal Code, etc. ၇။ Browse for a file တွင် မိမိ IP addressကို VPNပိတ်ပီးစစ်ဆေးထားသော Screenshot ပုံကိုUploadလုပ်ပေးပါ။ ၈။ အကုန်ပြည့်စုံပီ ဆိုပါက Send နှိပ်ပါ။ Steam မှ သင့်ရဲ့ request က လက်ခံရရှိပီးပီ ဖြစ်ပီး သူတို့ဘက်မှ သင့်ရဲ့ Steam Counrtyပြောင်းတာကို ဆက်လက်လုပ်ဆောင်ပေးပါလီမ့်မယ်။ |
Steam Countryပြောင်းသွားတာနဲ့ တပြိုင်နက် မိမိ Steam Account Currency ပါ ပြောင်းသွားပါလီမ့်မည်။မြန်မာ Country သမားများအတွက်တော့ Default Currency သည် USDဖြစ်ပါသည်။ CODASHOP မှ ၀ယ်ယူထားသော Steam Wallet Code for Baht သည် Redeem လုပ်သည့် အခါ USD သို့ ထိုင်းငွေပမာဏအတိုင်း Auto တန်းပြောင်းပါသည်။
ကျေးဇူးတင်ပါသည်။